အေဖ က အေပၚထပ္ ဘုရားခန္းမွာ
ဘုရား ဝတ္ျပဳဖို႔ ျပင္ေနတယ္

အေမ က ေအာက္ထပ္ မီးဖိုထဲမွာ
နံက္စာအတြက္ ျပင္ဆင္ေနတယ္

တကၠသိုလ္ေက်ာင္းသူ မိႏြဲ႔ေႏွာင္းက
ေက်ာင္းသြားဖို႔ အလွျပင္ေနတယ္

ခဏေနလို႔ အလွလည္း ျပင္ၿပီးေရာ
အေပၚထပ္ ကေန ေလွကား အတိုင္း
တဒုန္းဒုန္းနဲ႔ ေျပးဆင္းသြားရင္း
ပါးစပ္ကလည္း ေအာ္သြားတယ္

" ေမေမေရ ၊ ေကာ္ဖီ ေသာက္ေတာ့မယ္ ... " ဒုန္း ဒုန္း ဒုန္း ...

အဲဒီမွာ ဘုရားခန္းထဲက သူ႔အေဖက လွမ္းေခၚတယ္ ... ...

" ဟ့ဲ သမီး ၊ အေပၚ ျပန္တက္ ခ့ဲစမ္း "

မိေႏွာင္း ရႈံ႕မ့ဲမ့ဲနဲ႔ ျပန္တက္ လာတယ္
သူ႔အေဖက ဆူတာေပါ့ ... ...

" သမီးကို ဘယ္ႏွစ္ခါ ေျပာရမလဲ
မိန္းကေလး ပီပီ သသ ေနပါ ထိုင္ပါ လို႔
ေလွကား ဆင္းတာ ဒီေလာက္ ၾကမ္းရသလား
....
သြား ... ခုျပန္ဆင္း ၊ ဘာသံမွ မၾကားခ်င္ဘူး "

စကား နားေထာင္ပံု ရတယ္ ...
ဘာသံမွ မၾကားလိုက္ ရဘူး

မီးဖိုထဲေရာက္လာေတာ့ အေမက ေမးတယ္ ... ...

" ေဖေဖ ဆူတာလည္း စိတ္မညစ္ပါနဲ႔ သမီးရယ္
သမီးကို အိေျႏၵရတ့ဲ အမ်ိဳးေကာင္းေလး ျဖစ္ေစခ်င္ လို႔ပါ "

" သမီး နားလည္ပါတယ္ ေမေမ "

" ေအးေအး ၊ သမီးေလးက လိမၼာပါတယ္ ကြယ္
ဒါနဲ႔ ခုနက ေျခသံ မၾကားေအာင္
ဘယ္လိုမ်ား ဆင္းလာတာလဲ သမီးရဲ႕ "

သမီးျဖစ္သူ ေျပာလိုက္တာက
.
.
.
.
" ေလွကားလက္ရမ္းကို ခြၿပီး ေလ်ွာခ် လိုက္တာ ... ေမေမ " တဲ႔

" တိန္ "

😁😁😁
သန္၄ကို (ေပါက္ကရ ၄၀)

(Unicode)

မရှပ်တေးတို့ အိန္ဒြေ

အဖေ က အပေါ်ထပ် ဘုရားခန်းမှာ
ဘုရား ဝတ်ပြုဖို့ ပြင်နေတယ်

အမေ က အောက်ထပ် မီးဖိုထဲမှာ
နံက်စာအတွက် ပြင်ဆင်နေတယ်

တက္ကသိုလ်ကျောင်းသူ မိနွဲ့နှောင်းက
ကျောင်းသွားဖို့ အလှပြင်နေတယ်

ခဏနေလို့ အလှလည်း ပြင်ပြီးရော
အပေါ်ထပ် ကနေ လှေကား အတိုင်း
တဒုန်းဒုန်းနဲ့ ပြေးဆင်းသွားရင်း
ပါးစပ်ကလည်း အော်သွားတယ်

" မေမေရေ ၊ ကော်ဖီ သောက်တော့မယ် ... " ဒုန်း ဒုန်း ဒုန်း ...

အဲဒီမှာ ဘုရားခန်းထဲက သူ့အဖေက လှမ်းခေါ်တယ် ... ...

" ဟဲ့ သမီး ၊ အပေါ် ပြန်တက် ခဲ့စမ်း "

မိနှောင်း ရှုံ့မဲ့မဲ့နဲ့ ပြန်တက် လာတယ်
သူ့အဖေက ဆူတာပေါ့ ... ...

" သမီးကို ဘယ်နှစ်ခါ ပြောရမလဲ
မိန်းကလေး ပီပီ သသ နေပါ ထိုင်ပါ လို့
လှေကား ဆင်းတာ ဒီလောက် ကြမ်းရသလား
....
သွား ... ခုပြန်ဆင်း ၊ ဘာသံမှ မကြားချင်ဘူး "

စကား နားထောင်ပုံ ရတယ် ...
ဘာသံမှ မကြားလိုက် ရဘူး

မီးဖိုထဲရောက်လာတော့ အမေက မေးတယ် ... ...

" ဖေဖေ ဆူတာလည်း စိတ်မညစ်ပါနဲ့ သမီးရယ်

သမီးကို အိန္ဒြေရတဲ့ အမျိုးကောင်းလေး ဖြစ်စေချင် လို့ပါ "

" သမီး နားလည်ပါတယ် မေမေ "

" အေးအေး ၊ သမီးလေးက လိမ္မာပါတယ် ကွယ်
ဒါနဲ့ ခုနက ခြေသံ မကြားအောင်
ဘယ်လိုများ ဆင်းလာတာလဲ သမီးရဲ့ "

သမီးဖြစ်သူ ပြောလိုက်တာက
.
.
.
.
" လှေကားလက်ရမ်းကို ခွပြီး လျှောချ လိုက်တာ ... မေမေ " တဲ့

" တိန် "

😁😁😁
သန်၄ကို (ပေါက်ကရ ၄၀)