တစ္ေန႔သ၌ ... ရြာထဲဝယ္ နာေရး တစ္ခုမွ ဆရာေတာ္ကုအား သက္ေပ်ာက္​ ဆြမ္း ကပ္ရန္ အလို႔ငွါ လာေရာက္ ပင့္ေဆာင္ သျဖင့္ ဒကာရင္းလဲျဖစ္ ကိုယ့္ရြာသူ ရြာသားလဲ ျဖစ္တာမို႔ ၾကြလာခဲ့ရာ အိမ္ေပၚလွမ္း အတက္ ေသသူ၏ ဇနီးျဖစ္သူ မွ ေအာ္၍ ငိုလိုက္ ပံုက ....

" အမေလး သြားေလသူႀကီးရဲ႕
ေကာင္းလြန္းသူႀကီးရဲ႕
ဆရာေတာ္ ၾကြလာၿပီေလ ထၿပီး ဖူးပါဦးလား
မေသခင္ကေတာ့ ဆရာေတာ့္ေက်ာင္း သြားၿပီး ေဘာလံုးပြဲ ျငင္းရဦးမယ္ဆို ...
ငယ္ငယ္တုန္းက ဆရာေတာ္နဲ႔ ကစားရင္း
အပ်ိဳႀကီး ေရခ်ိဳးၿပီးခ်ိန္ အခန္းပိတ္ သနပ္ခါး လူးတာ
အတူ တူ ေခ်ာင္းခဲ့ဘူးတယ္ ဆို ....
ထေျပာပါဦးလား ေတာ့ "

ဘုန္းကုလဲ လွမ္းေနတဲ့ ေျခလွမ္း တုန္႔ သြားၿပီး ...

" ဟဲ့ ဒကာမ ငိုရင္ ႐ိုး႐ိုးငိုစမ္း
ေပါက္ကရေတြ ထည့္ မေျပာနဲ႔ "

" သူေျပာဖူးတာေတြ သတိရလို႔ပါ ဘုရား
တပည့္ေတာ္ အေပၚ အရမ္းေကာင္းသူပါ ဘုရား
ေကာင္းလြန္းလို႔ ႏွေျမာလို႔ပါ ဘုရား ... "

" ဘာေကာင္းတာ ႐ွိလို႔လဲ ဟဲ့ ...
အၿမဲ မူးၿပီး အလုပ္က မလုပ္
မိန္းမ လုပ္စာ စား
အရက္ေသာက္ မူးၿပီး႐ိုက္ ...
အလုပ္က မျဖစ္စေလာက္ ကေလးက တစ္ႏွစ္ တစ္ေယာက္ ...
အုဋ္ၾကားျမက္ေပါက္ ... "

" အဲ့ဒီလို မေျပာပါနဲ႔ဘုရား ...
ဆရာေတာ္ ငယ္သူငယ္ခ်င္း အရင္းႀကီးပါ ဘုရား
ဆရာေတာ္ ကိုရင္ ဘဝက
ဘုန္းႀကီး ၾကက္သေရခန္းထဲ ငွက္ေပ်ာသီးခိုးလဲ အတူတူ
ဆြမ္းခံရင္း ဆြမ္းခြက္ ႏိႈက္စားလဲ အတူတူ ေနခဲ့သူပါ ဘုရား
အရက္ေသာက္ၿပီး မိန္းမ ႐ိုက္တတ္တာ ရယ္
အလုပ္ မလုပ္ပဲ ပိုက္ဆံ ျဖဳန္းတာရယ္က လြဲၿပီး ေကာင္းလြန္းသူပါ ဘုရား "

" သူေကာင္းတာ နင္ပဲ သိမွာေပါ့
ေက်ာင္းေတာ့ တေခါက္မွ မေရာက္ပဲ အရက္ခ်ည့္ ေသာက္ေနတာ
ခုဆို ငရဲက်ေန ေလာက္ၿပီ ... "

" အမေလး !!! ဘုရား ... ဘုရား ...
ေျပာရက္လိုက္တာ ဘုရား ...
ဆရာေတာ္က ၾကက္သား ႀကိဳက္တတ္လို႔
ၾကက္သား ကာလသားခ်က္ေလးမ်ား မပါရင္ ဆြမ္းမဘုန္းဘူး ဆိုတာ သိရေတာ့
မုဆိုးမ ေဒၚတုတ္​ အိမ္ ေနာက္ေဖး အိမ္သာ နားကေန ေခ်ာင္းၿပီး
ၾကက္ေတြ ေခ်းလာယက္တုန္း ဂြနဲ႔ ပစ္ဖမ္း ခ်က္ျခင္း အေျပး ကပ္ခဲ့တာ
ေမ့ေနၿပီလား ဘုရား ...
ဘုန္းဘုန္းေတာင္ ၿမိန္လြန္းလို႔
သူ႔အသားေလး ဝင္မွ ေနသာ ထိုင္သာ ႐ွိတယ္ လုိ႔ မိန္႔ခဲ့ေသးတာေလ ... "

" ေဝါ့ ... ဟဲ့ ... ဒကာမ ... ေတာ္ေတာ့ ...
သူ႔ဘာသာ ခိုးၿပီး ခ်က္တာ ငါနဲ႔ မဆိုင္ဘူး
လာလႉလို႔ စားမိတာပဲ "

" ခုေတာ့ မဆိုင္ဘူး ျငင္းၿပီေပါ့ ဘုရား
အဲ့ဒီတုန္း ကေတာ့ ငါလဲ တဝက္ စိုက္မယ္ ဆိုၿပီး
ႏွစ္ေထာင္ စြန္႔ခဲ့ေသး တယ္ေလ ...
ေနာက္တခါ က်ရင္ မဆလာေလး အုပ္ခဲ့လို႔ မိန္႔တာ
ေမ့ေနၿပီလား ဘုရား ... "

" ေတာ္ ... ေတာ္ ... ငါ ျပန္ႂကြေတာ့မယ္ ... "

" အမေလး ေယာက်ၤားရဲ႕
႐ွင့္ဆရာေတာ္က ျပန္ႂကြေတာ့မယ္ တဲ့
တရားေတာင္ မေပးေတာ့ဘူး ... စိမ္းကားလိုက္တာ ...
ထၾကည့္ပါဦးေတာ့...
မိုးရြာရင္ ဖားေတြ ေပါမွာပဲလို႔ ...
ခဏ ခဏ မိန္႔တတ္တဲ့ ဆရာေတာ္ဘုရားကို ... ထၿပီး ဖူးလိုက္ပါဦး "

" ဟာ !!! ဒီ ဒကာမနဲ႔ေတာ့ ... "

ဘုန္းကုလည္း
သုတ္ေျခတင္လိုက္တာ မႈန္ေနတာပဲ … ။

😁😁😁
Credit to ေကာ္ေပတံ ေရႊသီး
Just a Funny

(Unicode)

ဆရာတော်ကုနဲ့ သူ၏ ဒကာမ

တစ်နေ့သ၌ ... ရွာထဲဝယ် နာရေး တစ်ခုမှ ဆရာတော်ကုအား သက်ပျောက် ဆွမ်း ကပ်ရန် အလို့ငှါ လာရောက် ပင့်ဆောင် သဖြင့် ဒကာရင်းလဲဖြစ် ကိုယ့်ရွာသူ ရွာသားလဲ ဖြစ်တာမို့ ကြွလာခဲ့ရာ အိမ်ပေါ်လှမ်း အတက် သေသူ၏ ဇနီးဖြစ်သူ မှ အော်၍ ငိုလိုက် ပုံက ....

" အမလေး သွားလေသူကြီးရဲ့
ကောင်းလွန်းသူကြီးရဲ့.
ဆရာတော် ကြွလာပြီလေ ထပြီး ဖူးပါဦးလား
မသေခင်ကတော့ ဆရာတော့်ကျောင်း သွားပြီး ဘောလုံးပွဲ ငြင်းရဦးမယ်ဆို ...
ငယ်ငယ်တုန်းက ဆရာတော်နဲ့ ကစားရင်း
အပျိုကြီး ရေချိုးပြီးချိန် အခန်းပိတ် သနပ်ခါး လူးတာ
အတူ တူ ချောင်းခဲ့ဘူးတယ် ဆို ....
ထပြောပါဦးလား တော့ "

ဘုန်းကုလဲ လှမ်းနေတဲ့ ခြေလှမ်း တုန့် သွားပြီး ...

" ဟဲ့ ဒကာမ ငိုရင် ရိုးရိုးငိုစမ်း
ပေါက်ကရတွေ ထည့် မပြောနဲ့ "

" သူပြောဖူးတာတွေ သတိရလို့ပါ ဘုရား
တပည့်တော် အပေါ် အရမ်းကောင်းသူပါ ဘုရား
ကောင်းလွန်းလို့ နှမြောလို့ပါ ဘုရား ... "

" ဘာကောင်းတာ ရှိလို့လဲ ဟဲ့ ...
အမြဲ မူးပြီး အလုပ်က မလုပ်
မိန်းမ လုပ်စာ စား
အရက်သောက် မူးပြီးရိုက် ...
အလုပ်က မဖြစ်စလောက် ကလေးက တစ်နှစ် တစ်ယောက် ...
အုဋ်ကြားမြက်ပေါက် ... "

" အဲ့ဒီလို မပြောပါနဲ့ဘုရား ...
ဆရာတော် ငယ်သူငယ်ချင်း အရင်းကြီးပါ ဘုရား
ဆရာတော် ကိုရင် ဘဝက
ဘုန်းကြီး ကြက်သရေခန်းထဲ ငှက်ပျောသီးခိုးလဲ အတူတူ
ဆွမ်းခံရင်း ဆွမ်းခွက် နှိုက်စားလဲ အတူတူ နေခဲ့သူပါ ဘုရား
အရက်သောက်ပြီး မိန်းမ ရိုက်တတ်တာ ရယ်
အလုပ် မလုပ်ပဲ ပိုက်ဆံ ဖြုန်းတာရယ်က လွဲပြီး ကောင်းလွန်းသူပါ ဘုရား "

" သူကောင်းတာ နင်ပဲ သိမှာပေါ့
ကျောင်းတော့ တခေါက်မှ မရောက်ပဲ အရက်ချည့် သောက်နေတာ
ခုဆို ငရဲကျနေ လောက်ပြီ ... "

" အမလေး !!! ဘုရား ... ဘုရား ...
ပြောရက်လိုက်တာ ဘုရား ...
ဆရာတော်က ကြက်သား ကြိုက်တတ်လို့
ကြက်သား ကာလသားချက်လေးများ မပါရင် ဆွမ်းမဘုန်းဘူး ဆိုတာ သိရတော့
မုဆိုးမ ဒေါ်တုတ် အိမ် နောက်ဖေး အိမ်သာ နားကနေ ချောင်းပြီး
ကြက်တွေ ချေးလာယက်တုန်း ဂွနဲ့ ပစ်ဖမ်း ချက်ခြင်း အပြေး ကပ်ခဲ့တာ
မေ့နေပြီလား ဘုရား ...
ဘုန်းဘုန်းတောင် မြိန်လွန်းလို့
သူ့အသားလေး ဝင်မှ နေသာ ထိုင်သာ ရှိတယ် လို့ မိန့်ခဲ့သေးတာလေ ... "

" ဝေါ့ ... ဟဲ့ ... ဒကာမ ... တော်တော့ ...
သူ့ဘာသာ ခိုးပြီး ချက်တာ ငါနဲ့ မဆိုင်ဘူး
လာလှူလို့ စားမိတာပဲ "

" ခုတော့ မဆိုင်ဘူး ငြင်းပြီပေါ့ ဘုရား
အဲ့ဒီတုန်း ကတော့ ငါလဲ တဝက် စိုက်မယ် ဆိုပြီး
နှစ်ထောင် စွန့်ခဲ့သေး တယ်လေ ...
နောက်တခါ ကျရင် မဆလာလေး အုပ်ခဲ့လို့ မိန့်တာ
မေ့နေပြီလား ဘုရား ... "

" တော် ... တော် ... ငါ ပြန်ကြွတော့မယ် ... "

" အမလေး ယောင်္ကျားရဲ့
ရှင့်ဆရာတော်က ပြန်ကြွတော့မယ် တဲ့
တရားတောင် မပေးတော့ဘူး ... စိမ်းကားလိုက်တာ ...
ထကြည့်ပါဦးတော့...
မိုးရွာရင် ဖားတွေ ပေါမှာပဲလို့ ...
ခဏ ခဏ မိန့်တတ်တဲ့ ဆရာတော်ဘုရားကို ... ထပြီး ဖူးလိုက်ပါဦး "

" ဟာ !!! ဒီ ဒကာမနဲ့တော့ ... "

ဘုန်းကုလည်း
သုတ်ခြေတင်လိုက်တာ မှုန်နေတာပဲ … ။

😁😁😁
Credit to ကော်ပေတံ ရွှေသီး
Just a Funny