“မင္းတို႔ အခု သီတင္းကြၽတ္ လျပည့္ေန႔မွာ ေက်ာင္းတို႔ အိမ္တို႔မွာ မီးထြန္းတာ အေပ်ာ္ထြန္းတာ မျဖစ္ေစနဲ႔။ ၾကည္ႏူးမႈနဲ႔ အတူ အဓိပၸာယ္ ရွိရွိ လုပ္ၾကပါ။ ရည္ရြယ္ခ်က္ ေကာင္းေကာင္းနဲ႔ ဆီမီးထြန္း ၾကပါ"

ဥပမာ ေက်ာင္းမွာ ဆီမီးထြန္းတယ္ ဆိုပါစို႔။ စိတ္ထဲ ၾကည္ႏူးစရာ ေပ်ာ္စရာေလးေပါ့..

ဒါေပမယ့္ ဒီလိုေလး ရည္ရြယ္ခ်က္ ထားပါ။ ဒီလိုေလး စိတ္ထဲက ရည္မွန္းထားပါ။

- ဒီေက်ာင္းမွာရွိတဲ့ ေက်ာင္းေစာင့္နတ္ေတြ အခု ဆီမီးတိုင္မ်ားျဖင့္ ဘုရားရွင္အားလွဴဒါန္း ပူေဇာ္ႏိုင္ရန္ သင္တို႔အား စြန္႔လွဴပါ၏။ ငါစြန္႔လိုက္ေသာ ဆီမီး အလင္းေရာင္ျဖင့္ ျမတ္စြာ ဘုရားရွင္အား ရည္စူး ပူေဇာ္၍ ကုသိုလ္ယူၾကပါကုန္ေလာ့။

- အိမ္မွာထြန္းရင္လည္း အိမ္ေစာင့္နတ္ေတြ အခု ကြၽႏ္ုပ္ထြန္းထားေသာ ဆီမီးတိုင္မ်ားျဖင့္ ဘုရားရွင္အား လွဴဒါန္း ပူေဇာ္ႏိုင္ရန္ သင္တို႔အား စြန္႔လွဴပါ၏။ ငါစြန္႔လိုက္ေသာ ဆီမီး အလင္းေရာင္ျဖင့္ ျမတ္စြာ ဘုရားရွင္အား ရည္စူးပူေဇာ္၍ ကုသိုလ္ယူ ၾကပါကုန္ေလာ့။

- သစ္ပင္မွာ ထြန္းမယ္ဆိုရင္ ထြန္းၿငိမယ္ ဆိုရင္လည္း ဤသစ္ပင္၌ အုပ္စိုးေနေသာ ႐ုကၡစိုးနတ္သည္ .အခု ကြၽႏ္ုပ္ထြန္းထားေသာ ဆီမီးတိုင္မ်ားျဖင့္ ဘုရားရွင္အား လွဴဒါန္း ပူေဇာ္ႏိုင္ရန္ သင္တို႔အား စြန္႔လွဴပါ၏။ ငါစြန္႔လိုက္ေသာ ဆီမီး အလင္းေရာင္ျဖင့္ ျမတ္စြာ ဘုရားရွင္အား ရည္စူးပူေဇာ္၍ ကုသိုလ္ယူ ၾကပါကုန္ေလာ့။

ဒီလိုေလး စိတ္ကေန ျဖစ္ေစ ႏွႈတ္ကေနျဖစ္ေစ ညႊတ္ေပး ေျပာေပးၿပီး မီးထြန္​း ရတယ္​။

ကိုယ္လုပ္တဲ့အလုပ္ ကိုယ္ထြန္း လိုက္တဲ့ ဆီမီးေလးေတြ ဘယ္ေလာက္​ အဓိပၸါယ္​ ႐ွ္​ိသြားလဲ... အဓိပၸာယ္မဲ့ အေပ်ာ္သက္သက္ မီးထြန္​းတာ မဟုတ္ ဘူး။

ဒါကေတာ့ ကြၽန္မငယ္​ငယ္က သီတင္းကြၽတ္တိုင္​း မီးမထြန္​ခင္​ အ​ေဖ ဆံုးမ​ခဲ့တဲ့ ဆံုးမ စကား​ေလး ပါ႐ွင္​။

သီတင္းကြၽတ္ လျပည့္ေန႔မွာ အားလံုး အဓိပၸာယ္ ရွိေသာ ဆီမီးပူေဇာ္မႈျဖင့္ ပူေဇာ္ႏိုင္ ၾကပါေစရန္​ ​ေမတၱာ ျဖင္​့..

La WoneEain


(For Unicode)

“မင်းတို့ အခု သီတင်းကျွတ် လပြည့်နေ့မှာ ကျောင်းတို့ အိမ်တို့မှာ မီးထွန်းတာ အပျော်ထွန်းတာ မဖြစ်စေနဲ့။ ကြည်နူးမှုနဲ့ အတူ အဓိပ္ပာယ် ရှိရှိ လုပ်ကြပါ။ ရည်ရွယ်ချက် ကောင်းကောင်းနဲ့ ဆီမီးထွန်း ကြပါ"

ဥပမာ ကျောင်းမှာ ဆီမီးထွန်းတယ် ဆိုပါစို့။ စိတ်ထဲ ကြည်နူးစရာ ပျော်စရာလေးပေါ့..

ဒါပေမယ့် ဒီလိုလေး ရည်ရွယ်ချက် ထားပါ။ ဒီလိုလေး စိတ်ထဲက ရည်မှန်းထားပါ။

- ဒီကျောင်းမှာရှိတဲ့ ကျောင်းစောင့်နတ်တွေ အခု ဆီမီးတိုင်များဖြင့် ဘုရားရှင်အားလှူဒါန်း ပူဇော်နိုင်ရန် သင်တို့အား စွန့်လှူပါ၏။ ငါစွန့်လိုက်သော ဆီမီး အလင်းရောင်ဖြင့် မြတ်စွာ ဘုရားရှင်အား ရည်စူး ပူဇော်၍ ကုသိုလ်ယူကြပါကုန်လော့။

- အိမ်မှာထွန်းရင်လည်း အိမ်စောင့်နတ်တွေ အခု ကျွန်ုပ်ထွန်းထားသော ဆီမီးတိုင်များဖြင့် ဘုရားရှင်အား လှူဒါန်း ပူဇော်နိုင်ရန် သင်တို့အား စွန့်လှူပါ၏။ ငါစွန့်လိုက်သော ဆီမီး အလင်းရောင်ဖြင့် မြတ်စွာ ဘုရားရှင်အား ရည်စူးပူဇော်၍ ကုသိုလ်ယူ ကြပါကုန်လော့။

- သစ်ပင်မှာ ထွန်းမယ်ဆိုရင် ထွန်းငြိမယ် ဆိုရင်လည်း ဤသစ်ပင်၌ အုပ်စိုးနေသော ရုက္ခစိုးနတ်သည် .အခု ကျွန်ုပ်ထွန်းထားသော ဆီမီးတိုင်များဖြင့် ဘုရားရှင်အား လှူဒါန်း ပူဇော်နိုင်ရန် သင်တို့အား စွန့်လှူပါ၏။ ငါစွန့်လိုက်သော ဆီမီး အလင်းရောင်ဖြင့် မြတ်စွာ ဘုရားရှင်အား ရည်စူးပူဇော်၍ ကုသိုလ်ယူ ကြပါကုန်လော့။

ဒီလိုလေး စိတ်ကနေ ဖြစ်စေ နှှုတ်ကနေဖြစ်စေ ညွှတ်ပေး ပြောပေးပြီး မီးထွန်း ရတယ်။

ကိုယ်လုပ်တဲ့အလုပ် ကိုယ်ထွန်း လိုက်တဲ့ ဆီမီးလေးတွေ ဘယ်လောက် အဓိပ္ပါယ် ရှိသွားလဲ... အဓိပ္ပာယ်မဲ့ အပျော်သက်သက် မီးထွန်းတာ မဟုတ် ဘူး။

ဒါကတော့ ကျွန်မငယ်ငယ်က သီတင်းကျွတ်တိုင်း မီးမထွန်ခင် အဖေ ဆုံးမခဲ့တဲ့ ဆုံးမ စကားလေး ပါရှင်။

သီတင်းကျွတ် လပြည့်နေ့မှာ အားလုံး အဓိပ္ပာယ် ရှိသော ဆီမီးပူဇော်မှုဖြင့် ပူဇော်နိုင် ကြပါစေရန် မေတ္တာ ဖြင့်..

La WoneEain