သမင္မႀကီးဟာ ကိုယ္ဝန္ အရင့္အမာနဲ႔ ေမြးခါနီး ၊ ဖြားခါနီး ယာေတာစပ္က ျမစ္ကမ္းေဘးမွာ ထိုင္ခ် လိုက္တယ္။

ကေလး ေမြးေတာ့အံ့ ဆဲဆဲ အခ်ိန္မွာ မိုးသည္းထန္စြာ ရြာခ်တယ္ ။ မိုးနဲ႔ အတူ မုန္တိုင္းပါ ပါလာတဲ့အတြက္ ေကာင္းကင္ တခြင္ဟာ ေၾကာက္စရာ ေကာင္းေလာက္ေအာင္ မဲေမွာင္ၿပီး လွ်ပ္စီးေတြ လက္ေနတယ္။

မုန္တိုင္းေၾကာင့္ ျမစ္ေရျပင္ ဟာလည္း တဝုန္းဝုန္းနဲ႔ ၾကမ္းသထက္ ၾကမ္းလာတယ္ ။

အဲ့ဒီအခ်ိန္မွာပဲ ယာေတာထဲကို မိုးႀကိဳးပစ္ခ် လိုက္တဲ့ အခါ ယာေတာခင္းႀကီး ဟာလည္း မီးထ ေလာင္တယ္ ။

သမင္မႀကီးရဲ႕အေနာက္ မွာေတာ့ မုဆိုးတေယာက္ဟာ ျမႇားနဲ႔ ပစ္ဖို႔ ခ်ိန္ထား လိုက္ၿပီ ။

အေရွ႕မွာလည္း က်ားတေကာင္ဟာ သမင္မႀကီးကို ခုန္အုပ္ဖို႔ ျပင္ေနၿပီ ။

ကဲ ... သမင္မႀကီး ဘာလုပ္မယ္ ထင္သလဲ ။

အေရွ႕မွာက်ား ၊ အေနာက္မွာ မုဆိုး ၊ ေတာင္မွာ မီး ၊
ေျမာက္မွာ ေရ ၊ မိုးေပၚေမာ့ၾကည့္ရင္ လွ်ပ္စီးေတြနဲ႔
ေအာက္မွာ ေျမျပင္ ။

သမင္မႀကီးဟာ လြတ္လမ္း လံုးဝ မရွိေတာ့တဲ့ အခါ ဘာလုပ္မယ္ ထင္ၾကလဲ။

သမင္မႀကီးဟာ စိတ္ကို အၿငိမ္ဆံုး ထားၿပီးေတာ့ သူေမြးရမယ့္ ရင္ေသြးကိုပဲ မျဖစ္ျဖစ္ေအာင္ ေမြးဖို႔ ဆံုးျဖတ္လိုက္ ပါတယ္ ။

အဲဒီအခ်ိန္မွာ က်ယ္ေလာင္စြာ မိုးခ်ိန္းလိုက္တာ မုဆိုးဟာ ဟန္ပ်က္သြား ခဲ့တယ္ ။

ဟန္ခ်က္ ပ်က္ေတာ့ ပစ္လႊတ္ လိုက္တဲ့ ျမႇားဟာ အလိုက္သင့္ေလး ခုန္အုပ္ေနတဲ့ က်ားကို ပစ္မိ သြားတယ္ ။ ဒါေပမယ့္ ခ်က္ေကာင္းကို မထိ ။

အဲ့ဒီမွာ က်ားဟာ အထိ နာသြားတဲ့ အခါ မွာေတာ့
ျမႇားရွင္ မုဆိုးဘက္ကို ဦးတည္ ေျပးလႊားၿပီး ခုန္အုပ္လိုက္တယ္ ။

မုဆိုးနဲ႔ က်ားဟာ လံုးရင္း ေထြးရင္းနဲ႔ ျမစ္ထဲက် ေသသြားၿပီး
ယာေတာမီး ဟာလည္း မိုးေရေၾကာင့္ ၿငိမ္းသြားတယ္ ။

ေနာက္ဆံုး မိုးစဲသြားတဲ့ အခါမွာ ျမစ္ေရဟာ ျပန္လည္ ၿငိမ္သက္ လာတယ္ ။
သမင္မႀကီးဟာ ရင္ေသြးေလးကို ေအာင္ျမင္စြာ ေမြးလိုက္ႏိုင္ ခဲ့တယ္ ။
.
.
.
သင္ခန္းစာ ... ဘဝမွာ ထြက္ေပါက္ မရွိေလာက္ေအာင္ အခက္အခဲေတြ ပိတ္ပင္ေနတဲ့ အခါ ကိုယ္ လုပ္ပိုင္ခြင့္ရွိတဲ့ အလုပ္ တခုကိုသာ အေကာင္းဆံုး လုပ္ၿမဲ ဆက္လုပ္ေန သင့္တယ္ ။

Credit

(Unicode)

သမင်မကြီး ဘာလုပ်သလဲ

သမင်မကြီးဟာ ကိုယ်ဝန် အရင့်အမာနဲ့ မွေးခါနီး ၊ ဖွားခါနီး ယာတောစပ်က မြစ်ကမ်းဘေးမှာ ထိုင်ချ လိုက်တယ်။

ကလေး မွေးတော့အံ့ ဆဲဆဲ အချိန်မှာ မိုးသည်းထန်စွာ ရွာချတယ် ။ မိုးနဲ့ အတူ မုန်တိုင်းပါ ပါလာတဲ့အတွက် ကောင်းကင် တခွင်ဟာ ကြောက်စရာ ကောင်းလောက်အောင် မဲမှောင်ပြီး လျှပ်စီးတွေ လက်နေတယ်။

မုန်တိုင်းကြောင့် မြစ်ရေပြင် ဟာလည်း တဝုန်းဝုန်းနဲ့ ကြမ်းသထက် ကြမ်းလာတယ် ။

အဲ့ဒီအချိန်မှာပဲ ယာတောထဲကို မိုးကြိုးပစ်ချ လိုက်တဲ့ အခါ ယာတောခင်းကြီး ဟာလည်း မီးထ လောင်တယ် ။

သမင်မကြီးရဲ့အနောက် မှာတော့ မုဆိုးတယောက်ဟာ မြှားနဲ့ ပစ်ဖို့ ချိန်ထား လိုက်ပြီ ။

အရှေ့မှာလည်း ကျားတကောင်ဟာ သမင်မကြီးကို ခုန်အုပ်ဖို့ ပြင်နေပြီ ။

ကဲ ... သမင်မကြီး ဘာလုပ်မယ် ထင်သလဲ ။

အရှေ့မှာကျား ၊ အနောက်မှာ မုဆိုး ၊ တောင်မှာ မီး ၊
မြောက်မှာ ရေ ၊ မိုးပေါ်မော့ကြည့်ရင် လျှပ်စီးတွေနဲ့
အောက်မှာ မြေပြင် ။

သမင်မကြီးဟာ လွတ်လမ်း လုံးဝ မရှိတော့တဲ့ အခါ ဘာလုပ်မယ် ထင်ကြလဲ။

သမင်မကြီးဟာ စိတ်ကို အငြိမ်ဆုံး ထားပြီးတော့ သူမွေးရမယ့် ရင်သွေးကိုပဲ မဖြစ်ဖြစ်အောင် မွေးဖို့ ဆုံးဖြတ်လိုက် ပါတယ် ။

အဲဒီအချိန်မှာ ကျယ်လောင်စွာ မိုးချိန်းလိုက်တာ မုဆိုးဟာ ဟန်ပျက်သွား ခဲ့တယ် ။

ဟန်ချက် ပျက်တော့ ပစ်လွှတ် လိုက်တဲ့ မြှားဟာ အလိုက်သင့်လေး ခုန်အုပ်နေတဲ့ ကျားကို ပစ်မိ သွားတယ် ။ ဒါပေမယ့် ချက်ကောင်းကို မထိ ။

အဲ့ဒီမှာ ကျားဟာ အထိ နာသွားတဲ့ အခါ မှာတော့
မြှားရှင် မုဆိုးဘက်ကို ဦးတည် ပြေးလွှားပြီး ခုန်အုပ်လိုက်တယ် ။

မုဆိုးနဲ့ ကျားဟာ လုံးရင်း ထွေးရင်းနဲ့ မြစ်ထဲကျ သေသွားပြီး
ယာတောမီး ဟာလည်း မိုးရေကြောင့် ငြိမ်းသွားတယ် ။

နောက်ဆုံး မိုးစဲသွားတဲ့ အခါမှာ မြစ်ရေဟာ ပြန်လည် ငြိမ်သက် လာတယ် ။
သမင်မကြီးဟာ ရင်သွေးလေးကို အောင်မြင်စွာ မွေးလိုက်နိုင် ခဲ့တယ် ။
.
.
.
သင်ခန်းစာ ... ဘဝမှာ ထွက်ပေါက် မရှိလောက်အောင် အခက်အခဲတွေ ပိတ်ပင်နေတဲ့ အခါ ကိုယ် လုပ်ပိုင်ခွင့်ရှိတဲ့ အလုပ် တခုကိုသာ အကောင်းဆုံး လုပ်မြဲ ဆက်လုပ်နေ သင့်တယ် ။

Credit