" ဟဲ့ ဖိုးလုံး လာအုံး "

" ဟဲ့ ဖိုးလုံး ငါနင့်ကို ​ခေါ်နေတာ မကြားဘူးလား "

" အန်တီ ဘယ်သူ့ကို ခေါ်နေတာလဲ "
" နင့်ကိုလေဟယ် ဖိုးလုံးရဲ့ "

" ဗျာ ! ကျနော် ဖိုးလုံး မဟုတ်ပါဘူးဗျ "
" အာ နင်ဘာဖြစ်နေတာလဲ "

ကျနော် လုံးဝ မသိတဲ့ အဒေါ်ကြီး တယောက်
ကျနော့လက်ကို အတင်းဆွဲပြီး

" ရော့ !! ဆွဲခြင်းတောင်း ဆွဲစမ်း "

" ဟာ .. အန်တီ ကျနော် ဖိုးလုံး မဟုတ်ဘူး ခင်မျ ၊
ကျနော်က ငအွပ်တ်ပါ "

သူ့အိမ်က အလုပ်သမား မှတ်နေလား မသိဘူး

" ဘာ ငအွပ်တ်လဲ ဒီကလေး ဘာဖြစ်နေတာလဲ
ဆွဲဆို ဆွဲစမ်းပါ အေ "

ဈေးထဲဆိုတော့ လူတွေကလဲ ဝိုင်းကြည့်နေတော့ ကူညီတဲ့ အနေနဲ့ ဆွဲပေးရတာပေါ့

!!! အိ ~~~

" အမလေး !!! လေးလိုက်တာ ..
အန်တီ့ ဆွဲခြင်းထဲက ဘာတွေလဲ "

" တပေ ပတ်လည် ကျောက်ပျဉ် ၁၀ ချပ် ထဲရယ်
ချေးတွန်းခဲ ကျန်ကျောင်းအိတ်နဲ့ တအိတ်ထဲပါ
ရွာက အမျိုးတွေ ပို့လိုက်လို့လေ "

" ကျနော် မနိုင်ဘူးဗျ "

" ဖိုးလုံး နင်ဘယ်လို ဖြစ်နေတာလဲ "

" အန်တီ လူမှားနေပြီဗျ "

" အံမာ ငါက နင့်ကို ငါ့သမီးနဲ့ သဘောတူထား လို့နော်
နင် ကန်းမတက်နဲ့ "

" ဗျာ! "

လက်စသတ်တော့ ဖိုးလုံးဆိုတာ သူ့သမက်လောင်းကိုး

" နင့်ကို ငါ့သမီးအတွက် ငါက ဘယ်လို ယုံကြည်ပြီး အားကိုရမှာလဲ ဖိုးလုံးရယ် "

" ကျနော် ဖိုးလုံး မဟုတ်ဘူးဗျ "

ကျနော် ငြင်းပါသော်လဲ ..

" ဟိုးမှာ ငါ့သမီး ကားထဲမှာ စောင့်နေတယ်
အဲ့အထိပဲ သယ်ရမဲ့ဟာကို "

ကားနား လှမ်းရှိုးလိုက်တော့ ...
စကီလေး တပွေ နေကာ မျက်မှန်နဲ့
ဆံပင်က ရွှေအိုရောင်လေး အရမ်းလွင့်တာ ၊

" ဟဲ့ ဖိုးလုံး သယ်လေ ငါ့သမီးတောင် မရသေးဘူး
နင်က အာခံချင်နေတာလား ..
ယောက်ခမလဲ အမေပဲ သိရဲ့လား "

ဟိ စကီ​လေးက လွင့်နေတော့လဲ လူမှားလဲ ခံရတော့မှာပဲလေ ၊
ကံကောင်းရင် စကီလေးနဲ့တောင် ရရင် ရသွားနိုင်သေးတာပဲ ၊
ဖိုးလုံးရေ စောရီးကွာ .. ဟိဟိ

" ဟဲ့ ဘာတွေ စဉ်းစား နေတာလဲ "

" ဟင့်အင်း ဒါနဲ့ ... အမေ့ သမီး နာမည်က ဘာလဲဟင် "

အံမာ အခွင့်ရတုန်း အမေလို့ ခေါ်ရတာတော့ ဖီးလ်တာဟ

" နင် ငါ့ကို အရူးကွက် မနင်းနဲ့နော် ..
နှင်းနုကို ငါအော်လိုက်ရ မလား "

" နှင်းနုတဲ့လား ဗျာ.. လှလိုက်တာ "

" အေး အဲ့လှတာ နောက်မှ အခုလောလောဆယ် အဲ့တာကို ကားနား ဆွဲလာပေးအုံး "

" ဟုတ်ကဲ့ ဟုတ်ကဲ့ "

စော်လေးကို အနီးကပ် ရှိုး ရတော့မှာ ဆိုတော့ ဆွဲပေးရတော့မှာပေါ့ ၊
ဒါပေမဲ့ အလေးကြီးဗျ ရှိသမျှ အားအင်ထုတ်ပြီး လျှာထွက် မတတ် မလိုက်တယ်

ဆွဲခြင်းက အရမ်းလေးလို့လား ကမ္ဘာမြေ ဆွဲအားကပဲ များနေလို့လား မသိဘူး မရွေ့ဘူး၊

" ဟဲ့ ယောကျာင်္းဗလ ယောကျာင်္းဇလေးနဲ့တော့ မ ပါဟ "

ကျနော်လဲ အဲ့လိုပြောတော့ နဲနဲ တင်းလာတော့ ဆွဲခြင်းကို ကားနားရောက်ဖို့ အရေး တရွတ်တိုက် ဆွဲလိုက်တာပေါ့

" ဟဲ့ .. ဟဲ့ ... ငါ့ခြင်း ပျက်သွားမယ်ဟဲ့ မ  လာ
ဒီ .. ဖိုးလုံး ကတော့လေ ပြောကို မပြောချင်ဘူး "

ကျနော်လဲ မနိုင်မနင်း မလိုက် လွှဲလိုက် ချလိုက်နဲ့
တရွေ့ရွေ့နဲ့ ကားဆီကိုရောက် သွားတာပေါ့

" သမီး ကားနောက်ဖုံးဖွင့် "

ကောင်မလေးက ကားပေါ်က ခလုတ်နှိပ်ရုံသာ ကားပေါ်က မဆင်းဘူး ၊

" ဟဲ့ ဖိုးလုံး .. ကားနောက်ဖုံး ဖွင့်လေ "

အမေကလဲ ဟောက်လိုက်​တာဆို သူ့သမီးရမှ တွေ့အုံးမယ် .. ဟဲဟဲ

" ဟုတ်ကဲ့ "

ကျနော်လဲ ကောင်မလေးကို မြင်ချင်နေတာနဲ့
အမြန်ဖွင့်ပေးလိုက်တယ်

"အဲ့ ခြင်းကို တင်လိုက်လေ ဘာလုပ်နေတာလဲ"

အန် သေပြီဟ
ဆွဲတာတောင် မနိုင်တာ ကားပေါ်တင်ရမယ်ဆိုတော့

ကျနော်လဲ ခြင်းထဲက ကျောက်ပျဉ် တစ်ချပ်စီ ထုတ်ပြီး
မ,လို့ နိုင်ပြီ ထင်လောက်တဲ့ အချိန်မှ ခြင်းကို ကားပေါ်တင်ပြီး
ကျောက်ပျဉ်တွေကို ခြင်းထဲ ပြန်စီထည့်ပေးလိုက်တယ်၊

အဒေါ်ကြီးက ကျနော် လုပ်တာ အစအဆုံး ကြည့်ပြီး

"ဖိုးလုံးက ဒါမျိုးကျ တော်သားပဲ နင်မဆိုးဘူး တော်တယ်"

"ဟီး..ဥာဏ်သုံးရတာပေါ့ဗျာ"

ထိုစဉ်..

"အမေ ဘယ်မှာလဲ ကိုဖိုးလုံး"

ကားရှေ့ခေါင်းခန်း ကနေ ကောင်မလေးက သူ့အမေကို ခေါင်းပြူပြီး လှမ်းမေးတဲ့ အချိန် ....
သူမကို ကျနော် ​တွေ့လိုက်တဲ့ အခါ ....
.
.
.
အားပါးပါး နတ်သမီးရှုံးတဲ့ အလှပါ တကား

" ဒီမှာလေ နင့်ကောင်က အတော်နဲ့ ခေါ်ရတာ မဟုတ်​ဘူး "

စကီလေး ကျနော့ကို ကြည့်လာတော့ ကျနော်က ပြုံးပြလိုက်တယ်လေ

" အမေ ဒါ ကိုဖိုးလုံး မှ မဟုတ်တာ "

" ဟင်! ဟုတ်ရဲ့လားဟယ် "

" ဟုတ်တယ် အမေရဲ့ "

" အယ် .. အားနာလိုက်တာ သားရယ် "

ငင့် . .
ဘာလားဟ

" ဟုတ်တယ်ရှင့် ကျမ အမေက မျက်စိ မှုန်နေတာလေ "

" ဗျာ!! "

" စောရီးပါ သားရယ် အန်တီက သားကို ဖိုးလုံးလို့ ထင်လို့ပါ "

ယေ ..

" အမေ့အစား ကျမ တောင်းပန် ပါတယ်
ဆွဲခြင်းကိုလဲ ဒီအထိ သယ်လာပေးလို့လဲ ကျေးဇူး ထပ်တင်ပါတယ် ​နော် "

ငမ့် ..

" အမေ တက် သွားရအောင် "

" ကျေးဇူး ပဲနော် သား "

အန်တီကြီးက ကျနော့ကို လှည့်ပြီး ကျေးဇူးတင်နေ သေးတာ

တောက် !!!!
ငါ့များ ကားပေါ် တက်ရမယ် ထင်နေတာ အခုတော့ .. ငိုးမရယ်

အဒေါ်ကြီး ကားပေါ်ရောက်တော့
သားအမိ နှစ်ယောက် ပြောနေတာ ယဲ့ယဲ့လေး ကြားမိပါရဲ့

" သမီးချောလေး ရှိတာ ကောင်းလိုက်တာ
နှာထတဲ့လူ ကို အရူးကွက် နင်းပြီး ခိုင်းလို့ ရတယ်လေ "

!!" Congratulations ပါ မာမီ ရှိတ်လိုပါအုံး !! "

ဟိုက်စကိုက်
နှင်းနုရယ် ......

😁😁😁
Original by အွပ်တ်