မမနွယ်က ပြောတယ်
ကျွန်မကိုလည်း လုပ်ပေးနော် "
သူမ ယောက်ျားကလည်း
" ဟုတ်တယ်ဆရာ
ဆရာလေး ဆီသာ သွား
😁😁😁
HanSai (MDY)
(2) မောင်းရဲတဲ့သူ
သူ့ အတွေးထဲမှာ
" မောင်းရဲတဲ့
Oိာန်
😁😁😁
Credit
(Unicode)
(1) ဆရာလေးဆီသာ သွား ... ဗိုက်ကြီးစေရမယ်
" ဆရာ ကျွန်မကို လုပ်ပေးနော်
မမနွယ်က ပြောတယ်
ဆရာဆီ သွားပြီးမှ သူ ဗိုက်ကြီးတာတဲ့
ကျွန်ကိုလည်း လုပ်ပေးနော် "
တောသူတွေ စကားပြောတာ အဲ့လို ဗွင်းဗွင်းကြီး ပါဆို ။
မြန်မာစကားရဲ့ ရှုပ်ထွေးပုံကြောင့် ...
ကျုပ်ကသာ မျက်နှာတွေ ပူ ၊
သူနဲ့ အတူ ပါလာတဲ့ သူ့ယောက်ျားကို အားတွေ နာနေတာ ။
သူမ ယောက်ျားကလည်း
" ဟုတ်တယ်ဆရာ
ဆရာလေး ဆီသာ သွား
နင့်မိန်းမ သေချာပေါက် ဗိုက်ကြီးစေ ရမယ်လို့ မမနွယ်က ပြောလိုက်တယ် "
( ဟိုတလောက မမနွယ် ဆေးခန်း လာပြတယ် ။
အိမ်ထောင်ကျတာ ၂ နှစ် ပြည့်ပြီ ။ ကလေး မရသေးလို့တဲ့ ။
ဘယ်ရပါ့မလဲ ။ သူ့ယောက်ျားက ကားသမားကိုး ။ မကြာခဏ ခရီးထွက်နေ ရတာ ။
ဒါနဲ့ သူမရဲ့ ရာသီလာတဲ့ ရက်တွေမေး ။ ခင်ပွန်းနဲ့ အတူနေရမယ့် ရက်တွေကို တွက်ပေးလိုက်တာ ။
တန်းပြီး အိုကေ သွားတာပဲ ။
ဒါပေမယ့် မမနွယ် လုပ်ပုံကတော့ ဒုက္ခပဲ ။
ဘာတဲ့ .... " ဆရာလေးဆီ သာသွား .. သေချာပေါက် ဗိုက်ကြီးစေ ရမယ် " တဲ့လား :-P
😁😁😁
HanSai (MDY)
(2) မောင်းရဲတဲ့သူ
မြန်မာ့ လေကြောင်းလိုင်းမှ
လေယာဉ် စက် ချို့ယွင်းနေလို့ ခရီးစဉ်
နောက်ကျမှ ထွက်မှာကို ကြေငြာတယ် ။
ခဏလည်း နေတော့ သွားလို့ ရပြီ ဆိုပြီး
လေယာဉ်ပေါ် တက်ခိုင်းတော့ တယ် ...
လေယာဉ် ပျံသန်းနေချိန်မှာ
နိုင်ငံခြား ခရီးသည် တယောက်က
လေယာဉ်မယ်လေးကို မေးကြည့်တယ် ...
" အစက ခရီးစဉ် နောက်ကျမယ်လို့ ကြေငြာပြီးမှ
ဘာလို့ ချက်ချင်း သွားလို့ ရပြီ ဖြစ်သွားတာလဲ "
သူ့ အတွေးထဲမှာ
ဒီနိုင်ငံက လေယာဉ် အင်ဂျင်နီယာ တအား တော်ပါလားပေါ့ …
သေချာအောင် မေးကြည့်ချင်လို့ မေးလိုက်တာ ဖြစ်တယ် ...
လေယာဉ်မယ်လေးက ပြုံးပြုံးလေးနဲ့ ပြန်ဖြေပါတယ် ...
" မောင်းရဲတဲ့
pilot တယောက်ကို ပြောင်းမောင်းခိုင်း လိုက်လို့ပါ "
Oာိန်
😁😁😁
Credit