ဆရာမ မရွိေတာ့ ... ပြတ္ေလာရိုက္ေန ၾက၏ ။
မၾကာခင္မွာ ... တေက်ာင္းလံုးက ေၾကာက္ရေသာ
မ်က္ႏွာထား တင္းတင္း ဆရာမ အတန္းထဲ ဝင္လာ၏ ။
မီးကိုေရနဲ႔ ၿငိမ္းလိုက္ သလို ... ခ်က္ခ်င္း တိတ္ဆိတ္ ၿငိမ္က်သြား၏ ။

" ဂြတ္ေမာနင္း .. တီခ်ာ "

" ဘာလဲ ၊ မင္းတို႔က .. ဒါပဲ တတ္သလား ၊
ေန႔ခင္း ညေနခင္း တေန႔လံုး .. အတြက္ ပါသြားေအာင္ ... မေျပာတတ္ ၾကေတာ့ ဘူးလား .. "

ထုိအခါ တပည့္ေလးမ်ားက ...
" ဂြတ္ေမာနင္း ... အားဖတားႏြန္း ... အီးဗီးနင္း " ဟု ...
ညီညီ ညာညာ ရြတ္ျပလိုက္ ၾက၏ ။

" မေကာင္းဘူး ... ရွည္တယ္ ၊
တေန႔လံုး ပါသြားေအာင္ အေကာင္းဆံုး စဥ္းစားၾက "

ခဏၾကာေတာ့ တပည့္ေလးမ်ားက ..
" ဂြတ္ .. ဟိုးလ္ေဒး တီခ်ာ ... "

" ေအး ... အဲဒါ မွန္တယ္ ၊ ကဲ စာသင္မယ္ ၊
ငါက စကား တလံုး ၊ ဒါမွမဟုတ္ ဝါက် တေၾကာင္း ရြတ္ျပလိုက္မယ္ ၊
မင္းတို႔က ဆန္႔က်င္ဘက္ ဝါက်ကို ျပန္ေျပာ ရမယ္ ၊
ဟုတ္​ၿပီလား ... ကဲ စၿပီ .."

" ျမင့္ေသာ "

တပည့္ေလးမ်ားက မဆိုင္းမတြပင္ ..

" နိမ့္ေသာ " ... ဟု ညီညီ ညာညာ ေျပာလိုက္ ၾကသည္ ။

ဆရာမက ... " ၿဖဴ ေသာ "
တပည့္ေလးမ်ားက ... " မဲေသာ "

" က်ဥ္းေသာ "
" က်ယ္ေသာ "

" ဝေသာ "
" ပိန္ေသာ "

" လိမ္မာေသာ "
" လိမ္ေပ်ာ ့ေသာ "

" မဟုတ္ဘူး ၊ မွားတယ္ "
" ဟုတ္တယ္ ၊ မွန္တယ္ "

" ဟာ ၊ မဟုတ္ေသး "
" ဟာ၊ ဟုတ္ေနပီ "

" အို ၊ ဘုရားေရ "
" အို ၊ မာရ္နတ္ေရ "

" ဟဲ့ ၊ ငါေမးေနတာ မဟုတ္ဘူး "
" ဟဲ့၊ ငါေျဖေနတာ ဟုတ္တယ္ "

" အမေလး ၊ ေသေတာ့မွာပဲ "
" အမေလး ၊ ရွင္ေတာ့မွာပဲ "

" ေဟ့ .. ရပ္ေတာ့ "
" ေဟ့ ... စေတာ့ "

" ေတာ္ၿပီ ...သင္တန္း ၿပီးၿပီ "
" ေတာ္ေသးဘူး ... သင္တန္းစၿပီ "

" နင္တို႔ဟာ ... နင္တို႔ ... စစ မစစ ငါသြားၿပီ "

တပည့္မ်ားက ဆန္႔က်င္ဘက္ ဝါက် စဥ္းစားမရ ခင္မွာ ...
ဆရာမ ခမ်ာ ... အတန္းအျပင္ဘက္ အ​ေျပး​ေလး ...
ေရာက္သြား​ေလ​ ေတာ့သတည္​း ... !!

Oာိန္​ .....

😁😁😁
Credit

(Unicode)

ဆရာမလေး ပြေးရပြီ

ဆရာမ မရှိတော့ ... ပွတ်လောရိုက်နေ ကြ၏ ။
မကြာခင်မှာ ... တကျောင်းလုံးက ကြောက်ရသော
မျက်နှာထား တင်းတင်း ဆရာမ အတန်းထဲ ဝင်လာ၏ ။
မီးကိုရေနဲ့ ငြိမ်းလိုက် သလို ... ချက်ချင်း တိတ်ဆိတ် ငြိမ်ကျသွား၏ ။

" ဂွတ်မောနင်း .. တီချာ "

" ဘာလဲ ၊ မင်းတို့က .. ဒါပဲ တတ်သလား ၊
နေ့ခင်း ညနေခင်း တနေ့လုံး .. အတွက် ပါသွားအောင် ... မပြောတတ် ကြတော့ ဘူးလား .. "

ထိုအခါ တပည့်လေးများက ...
" ဂွတ်မောနင်း ... အားဖတားနွန်း ... အီးဗီးနင်း " ဟု ...
ညီညီ ညာညာ ရွတ်ပြလိုက် ကြ၏ ။

" မကောင်းဘူး ... ရှည်တယ် ၊
တနေ့လုံး ပါသွားအောင် အကောင်းဆုံး စဉ်းစားကြ "

ခဏကြာတော့ တပည့်လေးများက ..
" ဂွတ် .. ဟိုးလ်ဒေး တီချာ ... "

" အေး ... အဲဒါ မှန်တယ် ၊ ကဲ စာသင်မယ် ၊
ငါက စကား တလုံး ၊ ဒါမှမဟုတ် ဝါကျ တကြောင်း ရွတ်ပြလိုက်မယ် ၊
မင်းတို့က ဆန့်ကျင်ဘက် ဝါကျကို ပြန်ပြော ရမယ် ၊
ဟုတ်ပြီလား ... ကဲ စပြီ .."

" မြင့်သော "

တပည့်လေးများက မဆိုင်းမတွပင် ..

" နိမ့်သော " ... ဟု ညီညီ ညာညာ ပြောလိုက် ကြသည် ။

ဆရာမက ... " ဖြူ သော "
တပည့်လေးများက ... " မဲသော "

" ကျဉ်းသော "
" ကျယ်သော "

" ဝသော "
" ပိန်သော "

" လိမ်မာသော "
" လိမ်ပျော့သော "

" မဟုတ်ဘူး ၊ မှားတယ် "
" ဟုတ်တယ် ၊ မှန်တယ် "

" ဟာ ၊ မဟုတ်သေး "
" ဟာ၊ ဟုတ်နေပီ "

" အို ၊ ဘုရားရေ "
" အို ၊ မာရ်နတ်ရေ "

" ဟဲ့ ၊ ငါမေးနေတာ မဟုတ်ဘူး "
" ဟဲ့၊ ငါဖြေနေတာ ဟုတ်တယ် "

" အမလေး ၊ သေတော့မှာပဲ "
" အမလေး ၊ ရှင်တော့မှာပဲ "

" ဟေ့ .. ရပ်တော့ "
" ဟေ့ ... စတော့ "

" တော်ပြီ ...သင်တန်း ပြီးပြီ "
" တော်သေးဘူး ... သင်တန်းစပြီ "

" နင်တို့ဟာ ... နင်တို့ ... စစ မစစ ငါသွားပြီ "

တပည့်များက ဆန့်ကျင်ဘက် ဝါကျ စဉ်းစားမရ ခင်မှာ ...
ဆရာမ ခမျာ ... အတန်းအပြင်ဘက် အပြေးလေး ...
ရောက်သွားလေ တော့သတည်း ... !!

Oာိန် .....

😁😁😁
Credit