" ရှင်နဲ့ ကျွန်မ ပြတ်ပြီ ... "
" တူ ... တူ "
ဖုန်းကျသွား၏ ... ။
" ရေး ... ဝေး ... ဟေး "
ငြိမ်းမောင် တယောက် ဝမ်းသာမှုကို ထိန်းမနိုင်၍ အော်ချ လိုက်တော့သည် ။
သည်တခါတော့ သူ လွတ်လပ်ပြီကိုး ။
တနေကုန် အပြစ် ပြောခံရသော ဘဝ ၊ စိတ်ကောက်ခံရသော ဘဝ ၊
နားပူသော ဘဝမှ ဝဋ်ကြွေးကုန်၍ လွတ်ပြီ ဖြစ်၏ ။
ထို့ကြောင့်လည်း သူပျော်သည်ကိုး ...
" မသန်းအေးနဲ့ ပြတ်တဲ့ အထိမ်းအမှတ် အနေနဲ့ ... ဖွဘုတ်ပေါ် တက်ပြီး ဖွန်ကြောင် ဦးမယ် ... "
ပြောပြော ဆိုဆို ဖုန်းကိုကိုင်ကာ ... ဖေ့ဘွတ် ဖွင့်လိုက်၏ ။
ပို၍ သေသေ ချာချာရှိစေရန် ငတိမ ဒေလီယာ သန်းအေး အကောင့်အား အရင် ရှာလိုက်၏ ။
ဘလော့ သွားဟန် ရှိသည် မတွေ့တော့ပေ ။
သို့မှလည်း စိတ်အေးရမည်ကိုး ... ။
သိပ် ထွေထွေထူးထူး ရှာမနေတော့ပဲ နယူးဖိထ်တွင် အဆင်သင့် တွေ့ရသော စကီ တဗွေ၏ အကောင့်သို့ ဝင်ကာ စာပို့လေ တော့သည် ။
အကောင့်နာမည်က စင်သီယာဘေဘီ ... တဲ့
" ဟိုင်း ... "
" မဟိုင်းသေးပါဘူး အပျိုရှင့် "
" ကိုယ်လည်း လူပျိုပဲကွ "
" အို ... လူပျိုက ချက်စားလို့ ရလား ... "
" အပျိုနဲ့ တွဲစား ရင်တော့ အတော်ချို ဆိုသကိုး အမိရဲ့ "
ငြိမ်းမောင်က တော်ကီလည်း ကြွယ်လေတော့ ရည်းစားကား ရှားလှသည် မဟုတ်ပါ ။
ယခုပြတ်သွားသော ဒေလီယာသန်းအေး ကိုတော့ သူ့ဘဝတွင် စိတ်အပျက်ဆုံး ရည်းစား အဖြစ် စာရင်း သွင်းလိုက်ပြီ ဖြစ်၏ ။
ယခုလို ပြတ်ရန် သုံးလကျော်ကျော် ကြိုးစားခဲ့ရသည်ကိုး ...
ယင်းကား ရှိစေတော့ ...
ငြိမ်းမောင် ကတော့ စင်သီယာဘေဘီနှင့် စကား ဆက်ပြောနေ၏ ။
အတော်လေး အဆင်ချောလာ လေပြီ ... ။
" ကိုကြီး ခေး ခဏ ဆင်းဦးမယ် မာမီခေါ်လို့ "
" ဖြေးဖြေးဆင်း ခေးရေ အင်တာနက်လိုင်းက မြန်သနဲ့ ချော်လဲမှဖြင့် "
" အို ... ပိုပြီ "
" ပိုသွားရင်လည်း မင့်ရင်ဘတ်ထဲ ခေါက်သိမ်းထားပေါ့ ခေးရယ် "
" ဟစ် ... "
ထိုတယောက်လည်း ဆင်းသွားပြန်၏ ...
သူ့ကိုလည်း ငြိမ်းမောင် ကြာကြာ မကြူရပေ ... အဆင်ပြေ၏
သူလေး ပြန်မလာခင် နောက်တယောက်ထံ ကူးပေဦးမည် ။
တွေ့ပါပြီ ... မာနသခင် တဲ့ ...
" ဟယ်လို ... "
" နာရေး ကူညီမှုအသင်း ကပါ ဘာများ ကူညီရမလဲရှင့် "
" ကိုယ့်နှလုံးသားကို အရေးပေါ်ယာဉ်နဲ့ လွှတ်လိုက်တယ် ... မင်း အချစ်မြေမှာ မြှုပ်နှံခွင့် ပြုနိုင်မလား လို့ ... "
" အို ... ကြွေပြီလေ "
" ကြွေကျလည်း ကိုယ်က ပန်ဆင်ဖို့ သီကုံးထားဦး မှာပါ "
" အိုက်စ် ... "
အဆင်ပြေလှ၏ ... ။
စကားပြော ကောင်းလှ၍ အဖြေ ရတော့မည် ဖြစ်၏ ။
နှစ်ယောက်လုံးက အဖြေပေးမည် ဟု ဆိုကာ ခဏ ဆင်းသွားကြလေပြီ ...။
ငြိမ်းမောင် ပျော်နေပါသည် ... ထိုနေ့က အပျော်ဆုံး ဖြစ်မည် ထင်၏ ။
သူ့အပျော်တို့ သိပ်မကြာပါ ... ဖရင့်ဒ်ရီကွက်စ်တွင် ဒေလီယာသန်းအေး ပြန်ဝင်လာ၏ ။
လက်ခံ သင့် မခံသင့် စဉ်းစား၍ပင် မဆုံးသေး ... ငတိမ၏ ဖုန်းဝင်လာတော့သည် ။
" ဒီမယ် ငြိမ်းမောင် ... "
" သန်းအေး ... နင်ပြောတော့ ပြတ်ပြီဆို "
"အေး ... စောစောက ပြတ်ပြီ အခု သတိလာပေးတာ "
" ဘာကိုလဲ ... "
" စောစောက နင်ဖွန်ကြောင်နေတာ ငါ ပညာတွေ သင်ပေးထားတဲ့ ...
ငါ့တူမတွေ ဟဲ့ မသာရဲ့ "
" ဖီး ... "
ဖုန်း အမြန်ချ၍ ... ထပ်ကာ ထပ်ကာ ဆုတောင်းရင်း ...
အင်တာနက် ဖွင့် လိုက်၏ ...။
" ကတောင် ... "
" ချစ်တယ် ကိုရီး ... "
" ငိမ့် ... စင်သီယာဘေဘီဟ ... "
" ကတောင် ... "
" ချစ်သွားပြီ ကိုကို ... "
" ဟမ့် ... မာနသခင် ... "
ဝင်လာသော စာများကို မဖတ်သေးပဲ ... အကောင့် ဆက်တင် ဝင်ကာ ဒီအက်ဒီဗိတ် အကောင့် လုပ်၍ ... ဖုန်းပါဝါ ပိတ်ပြီး အခန်းထောင့် တနေရာတွင် ထိုင်နေလိုက် တော့၏ ။
" ဟမ့် ... ဒါမျိုးတော့ ဘယ်ရမလဲ အဒေါ်လက်ထွက် တူမတွေ
ဒင်းတို့ မရစ်ခင် ငါက အရင် ဖြတ်ပစ်လိုက်တယ် အေးရော "
" ငြိမ်းမောင်ကို ဒါမျိုး လာမကျောနဲ့ ဆယ်ဆ ပြန်ကျော်ပစ် လိုက်မှာကွ ...
ကတောက်စ်! "
မည်သို့ပင် ကြွေးကြော်သော်ငြားလည်း စင်သီယာသန်းအေး ချေးထားသော အကြွေး ငါးထောင်ကား ပြန်ရတော့မည် မထင် ။ သွားမတောင်းရဲ၍ အိမ်ပေါက်ဝတွင် ထိုင်ကာ သီချင်း တိုးတိုးသာ ညည်းနိုင်၏
ယင်းသီချင်းကား ...
" ငါ့ အကြွေးငါးထောင် ပြန်ပေး ... ရေး
ငါ့အကြွေးငါထောင် ပြန်ပေး "
😁😁😁
nnnt ငြိမ်းမောင်
0 Comments